Blogger Widgets နံရိုးလေး: 06/02/12

Saturday, June 2, 2012

ကောင်းခြင်း ဆိုးခြင်း


အချစ်ရေ
ကောင်းသော စစ်ပွဲမရှိသလို
ဆိုးသော ငြိမ်းချမ်းရေးဆိုတာ မရှိပါဘူး
ကောင်းသော အသည်းကွဲခြင်း မရှိသလို
ဆိုးသော မင်္ဂလာပွဲဆို မရှိပါဘူး
ကိုယ်နဲ့ မင်းဟာ
ကောင်းသော ငြိမ်းချမ်းမှုတွေနဲ့
ကောင်းသော ဆုံစည်းခြင်းတွေကြားမှာ
ကောင်းသော မင်္ဂလာပွဲလေး
ကျင်းပကြမယ်
တစ်နေ့နေ့မှာပေါ့ကွယ်....

ပေးဆပ်မဲ့သူ


လက်ထပ်ခြင်းဟာ
ယောက်ျားလေးအတွက်
လွတ်လပ်ခြင်းတွေ စတေးရပြီး
မိန်းကလေးအတွက်
ပျော်ရွှင်ခြင်းတွေ စတေးရတယ်တဲ့.....
ကိုယ်သာ မင်းကလေးကို
ပိုင်ပိုင်နိုင်နိုင် ချစ်ခွင့်ရပြီဆိုရင်
မင်းရဲ့ လွတ်လပ်ခြင်းတွေကို
မသိမ်းပိုက်ရုံမက
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေကိုပါ
မင်းကို ပေးဆပ်ပါရစေ 
တစ်ဘ၀လုံးအတွက်ပါ ချစ်သူရေ....

ညာတဲ့နှုတ်ခမ်း


မင်းပါးစပ်ကပြောတော့
ကိုယ့်ကိုမုန်းတယ်တဲ့
မင်းမျက်လုံးလေးတွေက
ကိုယ့်ကို ချောင်းချောင်းကြည့်တယ်
နှလုံးသားရဲ့ ပုံရိပ်ဟာ
ပါးစပ်ဖျားမှာ မထင်လာဘူး
မျက်ဝန်းမှာပဲ ရှိပါတယ်
မင်းလေး မညာနဲ့တော့ကွယ်....

အချစ်မေတ္တာ


ကမ္ဘာမြေကြီးက ဘယ်လောက်ပဲကြီးမားပါစေ
ဒို့ရဲ့အချစ်မေတ္တာနဲ့ နှိုင်းယှဉ်ရင်
ဘောလုံးလေးလောက်ပဲရှိတယ်.....