Monday, June 4, 2012
နှောင်.... ဖွဲ့
လက်ရွှန်းပြုံးချို ကိုယ်ဟန်နွဲ့နွဲ့
ခေါင်းတစ်လှည့်မှာ စောင်းငဲ့အကြည့်
သည်းထိငြိစွဲ နှောင်သစ်ဆဲမို့
မောင်ချစ်မြဲပါ ချစ်သူမေ.....စွဲမိရွှေဘ၀င် သူ့ရုပ်သွင်
ဖူးတငုံတည့် ကြာမှုံနှုတ်ခမ်း
ပွင့်လန်းကျက်သရေ ရွန်းရွန်းဝေကာ
ကုဋေတစ်သန်း သူ့ခြေလှမ်းတို့
ရွှေလမ်းပေါ်မှာ လျောက်လှမ်းလာသည်
ဒီလူရင်မှာ မြင်ရုံမျှနှင့်
ယနေ့ချိန်ထိ ရင်မှာစွဲလန်း
မေ့မရသူက ကိုယ်ပါကွာ....ချစ်သူ
တိမ်များကို မြင်နေရပါသည်...
အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောက်နေတတ်ပါသည်....
အခန်းကျဉ်းထဲမှာ အိပ်ဆက်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့် အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေပြန်သည်.....
သေဆုံးသည်အထိ မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
ချစ်သူ သာဖြစ်ပါ၏...
ချစ်သူ ကိုယ့်ကို သံသယအကြည့်တွေနဲ့ မကြည့်ပါနဲ့...
မင်းကလွဲပြီး ဘယ်သူ့ကိုမှ အချစ်ဘူးဆိုတာ မင်းအသိဆုံးပါ...
ချစ်သူ ကိုယ့်ကို မယုံကြည့်တဲ့ စကားတွေနဲ့ မစွပ်စွဲပါနဲ့...
မင်းကလွဲပြီး ငါ့ရဲ့နှလုံးသားမှာ ဘယ်သူမှ မရှိခဲ့ဘူးဆိုတာ
ချစ်သူ အသိဆုံးပါ...၀မ်းနည်းတစ်နေ့
ချစ်သူနှစ်ယောက် တွေ့ဆုံကာ
စကားလေးတွေ သီရီလာ
ပြောကြတဲ့အခိုင် အခြေအနေမှာ
ဝေးသွားမျာကို ကြောက်လို့လာ
စကားလေးတွေ မဆုံးခင်မှာာ
နှလုံးသားက ၀မ်းနည်းလာ
မခွဲချင်ပဲ ခွဲလို့သာ
ကြေကွဲရင်းနဲ့ ထွက်လို့သာ
အဝေးတစ်နေရာကို ရောက်ခဲ့တာ....ယုံပါ
အကောင်ကို ဖြိုခွင်းနိုင်သလို
အချစ်ကို လိုချင်တော့
အရာအားလုံကို ကျော်လွားနိုင်ပါတယ် အချစ်ရယ်...
ကမ္ဘာအနှံ့ အချစ်တွေ ကျယ်ပြန့်ဆိုပေမဲ့
ကိုယ်ချစ်တာက မင်းမှာရှိတဲ့
အချစ်မျက်နှာလေး တစ်ခုတည်းပဲ
ရှိတယ်ဆိုတာ ယုံစေချင်တယ် အချစ်ရယ်....အချစ်ကမ္ဘာ
ကညာပျို ....... ကို ချစ်တယ်ဆိုပြီး
အေးမြတဲ့ အရောင်အောက်မှာ
အချစ်ကမ္ဘာလေး တည်ဆောက်ပြီး
နှစ်ကိုယ်တူ အပျော်ခရီး လျောက်လိုက်ချင်ပါတယ်....
ချစ်တယ်လို့ ဆိုနေချိန်မှာ
အမုန်းမာန်ကလေး ပျောက်ပြီး
ပြုံးပျော်တဲ့ အချစ်မျက်နှာလေးကို အမြဲမြင်ချင်တယ် အချစ်ကလေး ရယ်....
Subscribe to:
Posts (Atom)