Blogger Widgets နံရိုးလေး: 2013

Friday, April 19, 2013

♥♥♥ တို့နှစ်ယောက် အချစ်အိမ်လေး ♥♥♥


♥ ယုံကြည်မှု နဲ့ အုတ်မြစ်တည်မယ်
♥ မလိုသူတွေ မ၀င်ရအောင် သစ္စာ တွေနဲ့ ကာရံထားမယ်
♥ နားလည်မှု ပြတင်းပေါက်တွေ တပ်ထားမယ်
♥ ချစ်ခြင်းမေတ္တာတွေနဲ့ အမိုး မိုးထားမယ်
♥ ခြံလေးထဲမှာ အချစ်ပန်းလေးတွေ စိုက်ပျိုးထားမယ်
♥ အမြဲ မပြတ်စီးဆင်းနေတဲ့ အချစ်ရေတံခွန်လေးလုပ်ထားမယ်
♥ အိမ်နာမည်ကို "အချစ်စစ်များ တည်ရှိရာ" လို့ပေးလိုက်မယ်
♥ အိမ်ခြံဝမှာ "အချစ်စစ်မရှိသူမ၀င်ရ" ဆိုင်းပုဒ်ချိတ်ဆွဲထားမယ်
♥ တို့နှစ်ယောက် အချစ်အိမ်လေး ထာဝရ တည်စေဖို့
   ဖြူစင်တဲ့ အချစ်တွေ လိုအပ်တယ်
♥ လောကဓံတွေ ဘယ်လောက်ကြမ်းတမ်းနေပါစေ
♥ ဘယ်လိုမှ မယိုင်လဲနိုင်တဲ့ အုတ်မြစ်တွေ ချထားတယ်
♥ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ တို့အိမ်လေး
♥ မလိုသူတွေ ဘယ်လိုဖျက်ဖျက် ဘယ်တော့မှ မပျက်တော့အောင်
♥ တို့နှစ်ယောက် ထိန်းသိမ်းကြစို့နော် ချစ်သူ