Blogger Widgets နံရိုးလေး: ယနေ့ခေတ်လူတွေရဲ့ အခက်တကာ့အခက်များ

Monday, June 25, 2012

ယနေ့ခေတ်လူတွေရဲ့ အခက်တကာ့အခက်များ

ပိုက်ဆံချေးဖို့လွယ်တယ် ပြန်ဆပ်ဖို့ခက်တယ်
ကားမောင်းဖို့လွယ်တယ် ကားရပ်ဖို့ခက်တယ်
ပိုက်ဆံဖြုန်းဖို့လွယ်တယ် စုဆောင်းဖို့ခက်တယ်
နောက်ကျဖို့လွယ်တယ် စောရောက်ဖို့ခက်တယ်

အိပ်ရာဝင်ဖို့လွယ်တယ် အိပ်ရာထဖို့ခက်တယ်
ခေါင်းမာဖို့လွယ်တယ် လွတ်ချတတ်ဖို့ခက်တယ်
အလုပ်လုပ်ဖို့လွယ်တယ် လူလုပ်တတ်ဖို့ခက်တယ်
သက်သတ်လွတ်စားဖို့လွယ်တယ် ဘုရားဖြစ်ဖို့ခက်တယ်

ထီထိုးဖို့လွယ်တယ် ထီပေါက်ဖို့ခက်တယ်
စာဖတ်ဖို့လွယ်တယ် အသိဉာဏ်ရှိဖို့ခက်တယ်
လူကိုဆဲဆိုဖို့လွယ်တယ် တောင်းပန်တတ်ဖို့ခက်တယ်
တရားကျင့်ဖို့လွယ်တယ် ကိုယ့်ကျင့်တရားကောင်းဖို့ခက်တယ်

တခြားသူအပေါ်ကောင်းဖို့လွယ်တယ် မိသားစုအပေါ်ကောင်းဖို့ခက်တယ်
အမှားကိုကဲ့ရဲ့ဖို့လွယ်တယ် အမှန်ကိုပြင်ပေးဖို့ခက်တယ်
ထိုးနှက်ဖို့လွယ်တယ် အားပေးကူညီဖို့ခက်တယ်
အပြစ်ရှာဖို့လွယ်တယ် ချီးကျူးစကားပြောဖို့ခက်တယ်

No comments:

Post a Comment