Blogger Widgets နံရိုးလေး: ချစ်သူဖြစ်ဖို့လွယ်တယ် / အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ခက်တယ်

Monday, June 25, 2012

ချစ်သူဖြစ်ဖို့လွယ်တယ် / အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ခက်တယ်

လူနှစ်ယောက် ချစ်သူတွေ ဖြစ်ဖို့ က လွယ်တယ်...
သို့သော် အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ဆိုတာ ခက်ခဲပြန်တယ်....
အချစ်ကို အားကိုးရုံမျှနဲ့ တစ်ဘ၀လုံးကို ဖြတ်ကျော်သွားဖို့ဆိုတာ မလွယ်ကူလှဘူး...
ဆံဖြူသွားကျိုးတဲ့ အထိ လက်တွဲနိုင်ဖို့ အခြား အရာတွေ အများကြီးလဲ လိုသေးတယ်လေ....
ခင်ပွန်းဆိုတာ ခေါ်ဖို့ကောင်းရုံမျှ သတ်မှတ်ထားတဲ့ နာမည်မဟုတ်ဘူး.... တာဝန်ယူတတ်သူတစ်ယောက်အတွက် ရာထူးဖြစ်တယ်.......
ဇနီးဆိုတာ ချစ်စနိုးနာမည်မှည့်ထားပေးရုံ သက်သက် မဟုတ်ဘူး.. ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်သူလို့ အမည်ရတယ်.... 
ဒီလိုပြောလို့ ဘ၀တစ်ခုကို အတူတူတည်ဆောက်ဖို့ အချစ်မလိုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး.....
အိမ်ထောင်တစ်ခုရဲ့ မိသားစုဝင် ဖြစ်လာတဲ့ နှစ်ဦးသားအနေနဲ့ အချစ်ဆိုတဲ့ အရာအပြင်...
ပေးဆပ်မှု နားလည်မှုတွေနဲ့ အတူ ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုတွေနဲ့ 
သစ္စာရှိရှိ မခွဲမခွာလက်တွဲသွားကြဖို့လဲ လိုအပ်ပါတယ်...
တကယ်တော့....အိမ်ထောင်ပြုတော့မယ်ဆိုရင် ကိုယ်ဟာ
 ပေးဆပ် တတ်သူဖြစ်ရဲ့လားဆိုတာ အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်လှပါတယ်.....

No comments:

Post a Comment