Blogger Widgets နံရိုးလေး: ငါတို့ အသဲကွဲလို့ရတယ် ဒါပေမဲ့ ချစ်တတ်တဲ့အရည်အချင်းကိုတော့ မဆုံးရှုံးစေနဲ့

Monday, June 25, 2012

ငါတို့ အသဲကွဲလို့ရတယ် ဒါပေမဲ့ ချစ်တတ်တဲ့အရည်အချင်းကိုတော့ မဆုံးရှုံးစေနဲ့

လူတစ်ယောက်ကို နစ်နစ်ကာကာချစ်ခဲ့တယ်
ရှိသမျှအင်အားတွေသုံးပြီး ချစ်ခဲ့တယ်
နောက်ဆုံးအသဲကွဲတော့
ငါတို့ မောပန်းနွမ်းလျကျန်ခဲ့တယ်။
ဒါကြောင့် အချိန်တိုတိုအတွင်းမှာ
နောက်တစ်ယောက်ကိုချစ်ဖို့ ငါတို့ မဝံ့ရဲခဲ့ဘူး
ချစ်ချင်ပေမယ့် လူတွေကို မယုံရဲခဲ့တော့ဘူး
ချစ်နေပေမယ့် လုံးလုံးလျားလျား မချစ်ရဲခဲ့တော့ဘူး
ချစ်တတ်တဲ့ အရည်အချင်းကို ငါတို့ကျဆင်းစေခဲ့တယ်။

အချစ်တစ်ခုမှာ
ကြောက်စရာအကောင်းဆုံးက
ဇာတ်သိမ်းမှာ ပေါင်းရ/ မပေါင်းရဆိုတာမဟုတ်ဘူး။
အချစ်ထဲ ပါဝင်နေသူနှစ်ယောက်မှာ
လူကို ချစ်တတ်တဲ့အရည်အချင်း ရှိ/မရှိဆိုတာပဲဖြစ်တယ်။

ဒါကြောင့်..
ငါတို့ အသဲကွဲလို့ရတယ်
ဒါပေမဲ့ လူကိုချစ်တတ်တဲ့အရည်အချင်းကိုေ
တာ့ မဆုံးရှုံးစေပါနဲ့။

No comments:

Post a Comment