Blogger Widgets နံရိုးလေး: လွမ်းနေသူ

Friday, June 8, 2012

လွမ်းနေသူ

နင့်အတွက်ဆိုပြီး ဖြစ်လာမယ့်
ငါမသိသေးသောနွံအိုင်ထဲက
ရှုံ့တွနေသော အတွေးတစ်ခု
တစ်ကယ်ဖြစ်နေတာပါဘဲ
အလွမ်းအတွက်ဆိုပြီး ကောင်းကင်ပြာတောင်
အနည်ထနေလိုက်တာ
မျက်နှာကြီးက အပုပ်ရောင်ဝင်းလက်နေတယ်
နင်ထွက်သွားတော့ နှလုံးသားပြတ်ရွေ့
တစ်ခုက ပြင်းထန်စွာလှုပ်ရှားလာတယ်
လူတွေခေါ်တာတော့ အသဲကွဲငလျင်တဲ့….
ရပ်တန့်မနေတဲ့ ငါ့ရင်ထဲကအက်ကြောင်းကို
ကုစားပေးပါလို့……
(အချစ်ရှိနေသောငါ့အတွက် နင့်ရင်ခွင်တစ်ခုတည်းလိုတာပါ)
ဝင်လာမယ်ဆိုရင် စိုပြေနေသောငါ့ရင်ခွင်က
နင့်အတွက်ကြိုဆိုမိမှာပါ…..
အလွမ်းမိုးတိမ်တွေလည်း
နေမင်းရဲ့ အချစ်တွေကြောင့်
ပျောက်ဆုံးနေပြီး လွမ်းနေသူ ဆိုတာကြီးလည်း
ပြန်လည်တောက်ပလာနေမှာပါ ချစ်သူ……
နင် အနားကို…….
 ပြန်..လာ..မယ့်…နေ့…မှာ..ပေါ့…….

No comments:

Post a Comment