ချစ်ခဲ့တာလား နှစ်ခဲ့တာလား
မသေချာပေမဲ့…..
မပစ်ရက်နိုင်ခဲ့တာတော့
အမှန်ပဲ ချစ်သူ…..
အမြင့်ဆုံးမှာ ထားချင်ပေမဲ့
ငါကိုယ်တိုင် ဆွဲချခဲ့တာလား
မသိဝိုးတ၀ါးနဲ့ အချစ်နွံထဲမှာ
ပျော်ပျော်ကြီး နစ်မြုပ်နေခဲ့တာ
ဒီနေ့ထိတိုင်ပဲ ချစ်သူ…..
နင် ငါ့ကို လွမ်းနေမလား
မရေရာပေမယ့် ကျိန်းသေတာကတော့
စိတ်ကူးယဉ် အတွေးတွေနဲ့
နင့်ကိုငါ ရူးမတက်လွမ်းတယ်…..
ပြန်လာဦးမလား မမှန်းဆတက်ပေမဲ့
မျှော်လင့်မှု နည်းပါး (၁%ပဲရှိရင်)တောင်
စိတ်ချ ချစ်သူ ဘ၀ဆုံးတိုင်
စောင့်နေဦးမယ်…..
No comments:
Post a Comment